10 June, 2013

အလှအပအကျိုးပြုသော ဖြည့်စွက်ဆေးများ



သင့်ကို လက်ရှိအသက်ထက် ပိုမိုနုပျိုတယ်လို့ ထင်ရစေမယ့် အိုမင်းမှုတား ဖြည့်စွက်ဆေးတွေ အများ အပြားရှိပါတယ်။


နေရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်စေရန်


ဘာမှီဝဲသင့်သလဲ - အင်တီအောက်ဆီးဒင့်
နေကာနိုင်စွမ်း SPF အဆ ၃ဝ ပါတဲ့ နေကာခရင်မ်ကို နေ့စဉ်ပုံမှန် လိမ်းတဲ့အပြင် ခရမ်းလွန်ရောင်ခြည်
ကြောင့်အရေပြားထိခိုက်မှု မဖြစ်စေဖို့ အင်တီအောက်ဆီးဒင့် ဖြည့်စွက်ဆေးက အသုံးဝင်ပါတယ်။ လေ့လာ မှုအရ အင်တီအောက်ဆီးဒင့် ဖန်းအနှစ် (Fern Extract) ဟာ ခရမ်းလွန်ရောင်ခြည်အေနဲ့ဆက်စပ်နေတဲ့ ဒီအင်န်အေထိခိုက်မှုကိုလျော့ကျစေပြီး အရေးကြောင်းနဲ့ အညိုရောင် အစက်အပြောက်တွေကို လျော့ပါး
စေတယ်လို့ သိရပါတယ်။ အကောင်းဆုံး ရလဒ်ရရှိဖို့ရာအတွက် နေပူထဲ မထွက်ခင် တစ်ပတ်အလိုကတည်း
က အင်တီအောက်ဆီးဒင့်ဖြည့်စွက်ဆေးကို မှီဝဲထားပါ။ အကောင်းဆုံး ကာကွယ်မှုကိုပေးနိုင်ပါတယ်။

အသားအရေ၊ ဆံပင်နှင့် လက်သည်း ခြေသည်း သန်စွမ်းစေရန်


ဘာမှီဝဲသင့်သလဲ - EPO (Evening Primrose Oil)
GLA (Gamma-linolenic  Acid) အဆီဟာ အသားအရေ၊ ဆံပင်သားနဲ့ လက်သည်းတွေကို ကျန်းမာသန် စွမ်းစေပါတယ်။ GLA ပါတဲ့ အကောင်းဆုံး အားဖြည့်ဆေးက EPO ဖြစ်တာကြောင့် တစ်နေ့ ၅ဝဝ မီလီဂရမ်
သောက်သင့်ပါတယ်။


ဆံပင်သား ကျိုးပြတ်မှု မဖြစ်စေရန်


ဘာမှီဝဲသင့်သလဲ - ဘိုင်အိုတင်
ရေကူးသမားတွေနဲ့ ရေထဲ မကြာခဏနေတဲ့သူတွေအနေနဲ့ ဆံသားပြတ်တောက်မှု မဖြစ်စေဖို့ တစ်နေ့ ဗီတာမင်ဘီ - ဘိုင်အိုတင်ကို ၂ ဒသမ ၅ မီလီဂရမ်မှီဝဲသင့်ပါတယ်။ ဒီဖြည့်စွက်ဆေးဟာဆားနဲ့ ကလိုရင်း အလွန်အမင်း ထိတွေ့မှုကြောင့် ဆံပင်သားကျိုးပြတ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘိုင်အိုတင် ဟာ လက်သည်းကျိုးပြတ်မှုအန္တရာယ်ကို လျော့ကျစေပြီး လက်သည်းသန်စွမ်းလှပစေပါတယ်။

အရေပြားဆဲလ် ထိခိုက်မှု မဖြစ်စေရန်


ဘာမှီဝဲသင့်သလဲ - အင်တီအောက်ဆီးဒင့်
ပိုမိုနုပျိုကြည့်ကောင်းတဲ့ အသားအရေအလှ ပိုင်ဆိုင်စေဖို့ အင်တီအောက်ဆီးဒင့်ကို မှီဝဲပါ။ အင်တီအောက် ဆီးဒင့်ဟာ ထိခိုက်နေတဲ့ နက်နဲတဲ့ အရေပြားအတွင်းလွှာထဲအထိရောက်ရှိပြီး အရေပြားဆဲလ်တွေကို ပြန် လည်ပြုပြင်ပေးပါတယ်။

လက်သည်းခြေသည်း သန်မာစေရန်


ဘာမှီဝဲသင့်သလဲ - အိုမီဂါ ၃ ငါးအဆီ
အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာလက်သည်းခြေသည်းကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ်ပါ။ အိုမီဂါ ၃ ပါဝင်တဲ့ သီဟိုဠ်စေ့၊ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါးတို့လို အဆီများတဲ့ ငါးကို စားပါ၊ ဒါမှမဟုတ် အိုမီဂါ ၃ ငါးအဆီ ၂-၃ ဂရမ်ကို နေ့စဉ် မှီဝဲသင့်ပါတယ်။

ဆံပင်ကျွတ်နှုန်း လျော့ကျစေရန်


ဘာမှီဝဲသင့်သလဲ - သံဓာတ်နှင့် ဗီတာမင်စီ
ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတစ်ခုက သွေးအားနည်းတာကြောင့်ပါ။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးနီဥ အဆင့်လျော့ကျစေကာ ဆံပင်ကျွတ်စေနိုင်ပါတယ်။ သံဓာတ်နဲ့ ဗီတာမင်စီကို တွဲဖက်မှီဝဲတာကြောင့် ခန္ဓာ ကိုယ်က သံဓာတ်စုပ်ယူအားကောင်းစေပြီး ဆံကေသာကိုသန်စွမ်းလှပစေပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...