05 June, 2013

ရင်ပူနာအကြောင်း သိကောင်းစရာ

 
အစာအိမ်ထဲက အစာခြေရည်နဲ့ချေဖျက်ဆဲအစာတွေက အစာရေမျိုဆီကို ပြန်လှန်တက်တာကြောင့် လည် ပင်း၊ ရင်ညွန့်နေရာတွေမှာ မီးလောင်သလိုပူတဲ့ နာကျင်မှု ခံစားရတာကို ရင်ပူနာလို့ခေါ်ပါတယ်။


ရင်ပူနာဖြစ်ရခြင်း အကြောင်းရင်းများ


အောက်ပါအခြေအနေတွေက ရင်ပူနာဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
♣ ဆီကြော်စာနဲ့ ဟင်းခတ်အမွှေးအကြိုင်ကဲတဲ့ အစာများများ စားတာ၊
♣ အစာကို ကြေညက်အောင် ကြိတ်ဝါးမှုမရှိဘဲ ခပ်မြန်မြန်စားပြီး အလောတကြီးမျိုချတာ၊
♣ စိတ်ဖိစီးမှုများတာကြောင့် အစာများများ စားတာ၊
♣ အစာစားပြီး ချက်ချင်းအိပ်တာ၊
♣ အရက်သောက်တာ၊
♣ ကိုယ်ဝန်ဆောင်ရတာ၊
♣ ကိုယ်အလေးချိန်များတာကြောင့် အစာခြေလမ်းကြောင်းမှာ မလိုလားအပ်တဲ့ ဖိအား သက်ရောက်မှုဖြစ်ကာရင်ပူတာတို့ ဖြစ်ကြပါတယ်။


ရင်ပူနာကို သဘာဝကုသနည်းများ

♦ ရှလကာရည် ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ပျားရည် ထမင်းစားဇွန်းနှစ်ဇွန်းတို့ကို ရေတစ်ဖန်ခွက်ထဲမှာ ရော ထည့်ပြီး ထမင်းမစားခင် စောစောစားထားပါ။ ဒါက အက်စစ်ဆန်တက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။
 
♦ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ငရုတ်သီးစတာတွေနဲ့ သုပ်ထားတဲ့ ဟင်းရွက်သုပ်တွေကလည်း ရင်ပူစေနိုင်တဲ့ အတွက်ဆင်ခြင်စားသောက်ပါ။

♦ နေ့စဉ် ငှက်ပျောသီးတစ်လုံးစားပါ။ ငှက်ပျောသီးဟာ အက်စစ်ဆန်တက်မှုကိုလျော့ကျစေတဲ့ အာနိသင် ရှိပါတယ်။

♦ ဆီကြော်စာ၊ လက်လုပ်ချဉ်၊ ပူစပ်လွန်းတဲ့ အစာ၊ ရှလကာရည်နဲ့ ချောကလက်တို့ကို မစားပါနဲ့။


♦ မမှည့်သေးတဲ့ ပန်းသီးလို ပက်တင်ပါဝင်မှု မြင့်မားတဲ့ သစ်သီးကို ရှောင်ပါ။

♦ အစာကို သေချာကြေညက်တဲ့အထိကြိတ်ဝါးစားသောက်ပါ။ အလျင်စလို မစားသောက်ပါနဲ့။

♦ ရေများများသောက်ပါ။ ရေသောက်တာကြောင့် အစာကြေလွယ်စေပါတယ်။

♦ ဆေးလိပ်နဲ့ အရက်ကို မသောက်ပါနဲ့။

♦ အိပ်ရာမဝင်ခင် ကပ်ပြီး အစာမစားပါနဲ့။


အက်စစ်ဆန်တက်မှု သက်သာစေမည့် သဘာဝနည်းများ


♦ အက်စစ်ဆန်တက်မှု မဖြစ်စေဖို့ အကောင်းဆုံး အိမ်တွင်း ကုထုံးက ပင်စိမ်းရွက်အနည်းငယ်ကို ကြိတ်ဝါးစားသောက်
ပေးဖို့ ဖြစ်ပါတယ်။

♦ တစ်နာရီကြာတိုင်း ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီးတို့ကို စားပါ။

♦ ရင်ပူတဲ့ ဝေဒနာခံစားရတဲ့အခါ အုန်းရည် အနည်းငယ်သောက်ပေးပါ။

♦ နို့အေးတစ်ဖန်ခွက်သောက်တာကြောင့် ရင်ပူတာနဲ့ အက်စစ်ဆန်တက်တာကို မြန်မြန်သက်သာစေပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...