30 December, 2012

အဆီလောင်ကျွမ်းစေမည့် အကောင်းဆုံးအစာ ငါးမျိုး


ခန္ဓာကိုယ်ရှိ အဆီပိုတွေကို လောင်ကျွမ်းစေမယ့် အကောင်းဆုံးအစာ ငါးမျိုးကို ရေးသားလိုက်ရပါတယ်။


(၁) ငါးအဆီ

ငါးမှာ မရှိမဖြစ် ဖက်တီးအက်စစ်ပါဝင်တဲ့အပြင် အိုမီဂါ ၃ ဖက်တီးအက်စစ်များများ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးရှိပါတယ်။ ဒါ့အပြင် ငါးမှာ အဆီနည်း ပရိုတင်းဓာတ်ပါဝင်မှု များတာကြောင့် အဆီတွေကိုလောင်ကျွမ်းစေပြီး ကြွက်သားတွေကို တည်ဆောက်ပေးနိုင်ပါတယ်။

(၂) အခွံမာသော အစေ့အဆန်
အခွံမာတဲ့ အစေ့အဆန်တွေက အဆီကို လောင်ကျွမ်းစေတဲ့ ဖက်တီးအက်စစ်နဲ့ ဆီမှာပျော်တဲ့ ဗီတာမင်တို့ ပါဝင်မှုများတဲ့အပြင် အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့လည်း ပါဝင်နေပါတယ်။

(၃) ကြက်ဥ၊ ဘဲဥ
ကြက်ဥ၊ ဘဲဥတွေက အဆီလောင်ကျွမ်းစေတဲ့ အစာတွေပါ။ လေ့လာမှုအရ ကြက်ဥ၊ ဘဲဥဟာ သွေးတွင်း ကိုလက်စထရော အပေါ် သက်ရောက်မှုအလွန်နည်းပါးကြောင်း သိရပါတယ်။ ကြက်ဥ၊ ဘဲဥမှာ ပရိုတင်း ဓာတ် ပါဝင်မှု မြင့်မားကာ အဆီပိုတွေကို လျော့ကျစေပါတယ်။

(၄) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းဟာ ဗီတာမင်စီပါဝင်မှုများတဲ့ အစာပါ။ ပန်းဂေါ်ဖီစိမ်း တစ်ခွက်မှာ ဗီတာမင်စီ တစ်နေ့တာလို အပ်တဲ့ ပမာဏထက် ၁၅၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် အဆီချေဖျက်မှုအားကောင်းပါတယ်။

(၅) ပဲ
ပဲမှာ အဆီဓာတ် ပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်မှုမြင့်မားပါတယ်။ ဒါကြောင့် အသားမစားတဲ့အခါ အစားထိုးစားပေးသင့်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဖက်တီးအက် စစ်တွေကို ချေဖက်ပေးကာ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...