18 November, 2012

မြတ်ဆရာ



အလှကင်းပါလျက်
ဘ၀က လင်းသူမို့
စေတနာလမ်းခင်းကာ
ငြိမ်းအေးရင်း လျှောက်ဝံ့သူ။

အနေအစား ရိုးစင်းလျက်
အသရေ တိုးသူမို့



များအကျိုး သယ်ပိုးရင်း
စာသင်ကြား ပျိုးထောင်သူ။
 
ကြင်တပည့်များအတွက်
ရင်ဝယ်ပွား သမီးသားပမာ
အငြီးတွား မများပါလို့
မေတ္တာထား မပျက်ခဲ့သူ။
 
အဲဒီဆရာဟာလေ..
ဇမ္ဗူမှာ ရှာမှ ရှားရယ်မို့
အင်အားတွေတစ်ပွေ့တစ်ပိုက်
တွေ့လိုက်တဲ့ အခိုက်မှာဖြင့်
ဒူးတုပ်ခါ ဂါရ၀ထားမိပါရဲ့
ဦးညွတ်ဝပ်တွား။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...