19 November, 2012

အမျိုးသမီးများအတွက် လိုအပ်သော အာဟာရဓာတ်များ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ဆိုတာ အမျိုးသား၊ အမျိုးသမီး တိုင်းအတွက် အရေးပါပါတယ်။ အမျိုးသမီးတွေဟာ ခန္ဓာကိုယ် တည်ဆောက် ပုံအရ တချို့ အာဟာရဓာတ်တွေကို ပိုလိုအပ်တာ မျိုး၊ တချို့ အစားအသောက် တွေကို အထူးသတိထားရှောင် ကြဉ်သင့်တာ မျိုးရှိပါတယ်။




အမျိုးသမီး ကျန်းမာရေးကို ကူညီနိုင်သော အာဟာရဓာတ် များ

ဖောလိတ်ဓာတ်
ကလေးယူနိုင်တဲ့ အသက်အရွယ်ရှိသူ အမျိုးသမီး တိုင်းဟာ တစ်နေ့ မှာ ဖောလိတ် အနည်းဆုံး ၄၀ဝ မိုက်ခရိုဂရမ်မှီ ဝဲသင့်ပါ တယ်။ ဖောလိတ် ဓာတ်ပြည့်ဝမှသာ ချို့ယွင်းချက်ပါတဲ့ ကလေးမမွေးဖွားအောင် ကာကွယ်နိုင်မှာဖြစ်သလို သန္ဓေ တည်ဖို့လည်း အထောက်အပံ့ ရရှိမှာ ဖြစ် လို့ပါ။ ဖောလိတ်ဓာတ်က နှလုံး
ရောဂါ ဖြစ်နှုန်း ကို လျော့ကျစေ ပါတယ် ။ ဖောလိတ်ပါဝင်မှု မြင့်မားတဲ့ အစားအစာတွေက လိမ္မော်သီး၊ ကညွတ်၊ ပဲအမျိုးမျိုး၊ အားဖြည့်ထားတဲ့ ကောက်နှံစာ (ပေါင်မုန့်၊ ကွေကာ) စ တာတွေ ဖြစ်ကြ ပါတယ်။

အမျှင်ဓာတ်
အမျှင်ဓာတ်ဟာ ဝမ်းမချုပ်အောင် ကာကွယ်ပေးသလို တခြားအစာခြေစနစ် ပြဿနာတွေ မရအောင်လည်း ကာကွယ် ပေးနိုင်ပါ တယ်။ သွေးတွင်းသကြားဓာတ် ကို ထိန်းညှိပေးနိုင်ပြီး ကိုယ်အလေးချိန် ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်မြင့်မားတဲ့ အစားအသောက် တွေကတော့ ပဲအမျိုးမျိုး၊ အခွံချွတ်မထားတဲ့ ကောက် နှံစာ၊ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်တဲ့ ကွေကာ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်း ရွက်တို့ပဲ ဖြစ်ကြပါတယ်။

သံဓာတ်
သံဓာတ်ဟာ ရာသီလာနေစဉ်အ တောအတွင်း သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
သံဓာတ်ပါဝင်တဲ့ အစားအစာတွေကတော့ အမဲသား၊ ကြက်၊ ဝက်၊ ငါး၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီး ဟင်းရွက်တို့ဖြစ်ကြပါတယ်။ ကယ်လ်စီယမ်ဓာတ် အရိုးတွေနဲ့ သွားတွေ သန်စွမ်းကျန်းမာဖို့အတွက် ကယ်လ်စီ ယမ်ဓာတ်က အရေးပါပါတယ်။ ကယ်လ်စီယမ်ပေါများစွာ ပါဝင်တဲ့ အစားအသောက်တွေ ကတော့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အားဖြည့်ထားတဲ့ အစားအသောက်တွေ ဖြစ်ကြပါတယ်။

ဗီတာမင်ဒီ
ဗီတာမင်ဒီက ကယ်လ်စီယမ်ဓာတ် ကို စုပ်ယူနိုင်အောင် အကူအညီပေးပါ တယ်။ ဗီတာမင်ဒီချို့တဲ့မှုဟာ
ရောဂါဝေ ဒနာများစွာနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဗီ တာမင်ဒီပေါများစွာ ပါဝင်တဲ့ အစားအသောက်တွေ ကတော့ ငါး၊ နွားနို့၊ အား ဖြည့်အစားအစာ၊ ကြက်ဥ၊ဘဲဥအနှစ်စ တာတွေ ဖြစ်ကြပါတယ်။ အစားအသောက် တစ်မျိုးတည်းမှ ဗီတာမင်ဒီကို အလုံအလောက်ရရှိဖို့ ခက် ခဲတာကြောင့် ဗီတာမင်ဒီရရှိအောင်နေရောင်ခြည်
နုနုကို တစ်နေ့ အနည်းဆုံး ၁၅ မိနစ်ခန့် ခံယူသင့်ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ် 
အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ ခန္ဓာ ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေ ပြီး ဦးနှောက်နဲ့ နှလုံးကို ရောဂါ
တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ရရှိနိုင်ဖို့အတွက် အဆီများတဲ့ ငါး (ဥပမာ- ဆယ်လ်မွန်ငါး၊ ဟာအင်းငါး၊ မက်ကရယ်ငါး၊ တူနာငါး၊ ဆာဒင်းငါး)တွေနဲ့ အခွံမာသီးတွေကိုစားပေး သင့်ပါတယ်။

အမျိုးသမီးကျန်းမာရေးအတွက် ရှောင်သင့်သော အာဟာရဓာတ်များ

ပြည့်ဝဆီနှင့်ထရန့်စ်ဖက်စ် ပြည့်ဝဆီ နဲ့ ထရန့်စ်ဖက်စ်ဆိုတဲ့ အဆီနှစ်မျိုးဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မကောင်း တဲ့ ကိုလက်စထရော(LDL) အဆင့်ကို လည်း မြင့်တက်စေနိုင်ပါ တယ်။ ပြည့်ဝ ဆီနဲ့ ထရန့်စ်ဖက်စ် ပါတဲ့ အစာတွေက တော့ အဆီများတဲ့ အသား၊ ထောပတ်၊ အဆီပါဝင် မှုမြင့်မားတဲ့ ဒိန်ခဲ၊ အဆီပါဝင်မှုမြင့်မား တဲ့ နွားနို့၊ ဆီကြော်စာ၊ ဟိုက် ဒရိုဂျင်သွင်းထားတဲ့ အဆီ စတာတွေ
ဖြစ်ပြီး ဒီအစာတွေကို ရှောင်သင့်ပါတယ်။

ရိုးရိုးသကြားနှင့် အခွံချွတ်ထားသော ကောက်နှံစာ
 ဒီကာဗိုဟိုက်ဒရိတ် အမျိုးအစား နှစ်မျိုးစလုံးဟာ သွေးတွင်းသကြားဓာတ်ကို ရုတ်တရက်မြင့် တက်လိုက်ပြန်
ကျလိုက် ဖြစ်စေပြီးနုံချည့် ပင်ပန်း တာကို ဖြစ်စေ နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု ကိုလည်း ဖြစ်စေ
နိုင်ပါတယ်။ အဖြူရောင် ပေါင်မုန့်လို အခွံချွတ်ထားတဲ့ ကောက်နှံစာတွေနဲ့ သကြားပါတဲ့ မုန့်တွေကိုတတ်နိုင်
သမျှ ရှောင်ရပါမယ်။

အယ်လ်ကိုဟော
တစ်ပတ်မှာ အရက်အနည်းငယ် သောက်ရင်တောင် ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ တစ်ပတ် မှာ အရက်တစ်ပတ်ထက် ပိုမသောက် သင့်ပါ။ မသောက်ဘဲနေ
နိုင်ရင်တော့ အ ကောင်းဆုံးဖြစ်ပါတယ်။ ဘီယာ၊ ဝိုင်၊ အရက်စတာတွေထဲမှာ အယ်လ်ကိုဟော ပါဝင်တာ
ကြောင့် ဘယ်အရာကိုပဲ သောက်သောက် တတ်နိုင်သမျှ အကန့်အသတ် နဲ့ပဲ သောက်သင့်ပါတယ်။

ကယ်လိုရီ အပိုများ
ကယ်လိုရီမှီဝဲမှုဟာ ကယ်လိုရီသုံးစွဲ မှုထက် ပိုများတာကြောင့် ကိုယ်အလေး ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ကိုယ်အ လေးချိန်ပိုတာက ဆီးချိုသွေးချိုရောဂါ ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတချို့နဲ့ အဆစ်ရောင်နာတို့လို နာတာရှည်ရောဂါ များစွာတွေရဲ့ ဖြစ်နိုင်ခြေကို မြင့်တက်စေ နိုင်ပါတယ်။ အစာကို တစ်ကြိမ် တည်းနဲ့ များများစားမယ့်အစား အစာနည်းနည်း နဲ့ မကြာခဏ စားပေးတာက ကျန်းမာ ရေးကောင်းမွန်စေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...