25 August, 2014

ကလေး ကြီးထွားဖွံ့ဖြိုးမှု မှန်ကန်စေရန်


ကလေးရဲ့ ကိုယ်၊ စိတ်ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်စေဖို့နဲ့ မှန်ကန်စေဖို့ရာအတွက် မိဘအုပ်ထိန်းသူတိုင်း သိထားသင့်တဲ့ နည်းလမ်းတွေကို အကြံပြုပါရစေ။


♦ ကလေးကို အမြန်စာ (Fast Food) များ မကျွေးပါနှင့်

ကလေး အငိုတိတ်ရင်ပြီးရော သဘောမျိုးနဲ့ အလွယ်တကူ စားနိုင်တဲ့ အချိုရည်၊ အဆင်သင့်အစာ စတာတွေ ကို ၀ယ်မကျွေးပါနဲ့။ ကလေး ငိုနေရင် စိတ်ရှည်ရှည် ချော့မော့ပြီး အာရုံလွှဲပါ။

♦ ကလေးကို ပုံပြင်များ ဖတ်ပြပါ

ကလေး အသက်အရွယ်အလိုက် ဖတ်သင့်တဲ့ ပုံပြင်စာအုပ်တွေကို ရွေးချယ်ပြီး ဖတ်ပြပါ။ မိဘကြည့်တဲ့ ဇာတ်ကားတိုင်း ကလေးမကြည့်သင့်သေးပါဘူး။ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်တဲ့ဇာတ်လမ်း၊ ၁၈ နှစ်
အောက် မကြည့်သင့်တဲ့ ဇာတ်လမ်းတွေကို ကလေးက နားမလည်သေးဘူးဆိုပြီး အတူကြည့်တာမျိုး ရှောင် သင့်ပါတယ်။

♦ ကလေးကို စကားပြောပါ

ကလေးနဲ့ မျက်နှာချင်းဆိုင်ဖို့ အချိန်မရလောက်အောင် အလုပ်ရှုပ်နေတာမျိုး မဖြစ်သင့်ပါဘူး။ ကလေးနဲ့ အပြန်အလှန် စကားပြောဖို့ အချိန်ရှိပါစေ။ ဂရုစိုက်ချစ်ခင်ခံရတဲ့ ကလေးတွေက ကြီးပြင်းလာတဲ့အထိ လိမ္မာ
ရေးခြား ရှိတတ်ပါတယ်။

♦ ကလေးရှေ့ တွင် ရန်ဖြစ်ခြင်းကို ရှောင်ပါ

ဒီနေရာမှာ ကိုရီးယားဇာတ်လမ်းလေးတွေကို အတုယူသင့်ပါတယ်။ မိဘက ရန်ဖြစ်တော့မယ်ဆိုရင် ကလေးကို အခန်းထဲဝင်နေခိုင်းလေ့ရှိပါတယ်။ ဒါက အသေးအမွှားလို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် ကလေးကို စိတ်ဒဏ်ရာမရအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကလေးရှေ့မှာ တစ်ဦးနဲ့ တစ်ဦး နင်ပဲငဆ
ပြောဆိုတာ၊ ပြစ်တင်ကြိမ်းမောင်းတာ၊ ရိုက်ပုတ်တာမျိုးကို ရှောင်ပါ။ ကလေးဘ၀တစ်လျှောက်လုံး စိတ် ဒဏ်ရာရကာ မလုံခြုံမှုခံစားရပြီး စိတ်အားငယ်တတ်ပါတယ်။

♦ ကလေးနှင့်အတူ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

ကလေးတွေနဲ့အတူ မိသားစုလိုက် ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့ အကျင့်လေးက အင်မတန် ပျော်ရွှင်စရာ
ကောင်းပါတယ်။ တီဗီ၊ ဂိမ်းစက် စတာတွေရှေ့မှာချည်း အချိန်ကုန်နေတဲ့ ကလေးတွေကို အလုပ်စားပွဲမှာ ချည်း အချိန်ကုန်နေတဲ့ မိဘတွေက ဆွဲခေါ်ပြီး အတူကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာက မိသားစု တစ်ခုလုံး ရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှု ပေးနေတာပဲ ဖြစ်ပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...