02 August, 2013

လက်သည်း၊ ခြေသည်း လှပရေးအတွက် အာဟာရ


လက်သည်း၊ ခြေသည်းခြောက်သွေ့ကြွပ်ဆတ်မှု ကင်းဝေးပြီး လက်သည်း ခြေသည်းသန်စွမ်းတောက်ပြောင် လှပလိုသူတို့အတွက် အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။



လက်သည်း၊ ခြေသည်း အရောင်မွဲနေသလား


ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့်လက်သည်း၊ ခြေသည်းအရောင်မွဲတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်က မရှိမဖြစ် ဗီတာမင်ဘီကို အလုံအလောက် မစုပ်ယူနိုင်ပါဘူး။ ပဲနီလေး၊ ပဲအမျိုးမျိုးနဲ့ ဟင်းနု နယ်ရွက်တွေလို ဖောလိတ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားရင် လက်သည်း၊ ခြေသည်းအရောင်
တောက်ပစေပါတယ်။ ပဲသီး၊ ပဲစိမ်းနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကိုလည်း စားသင့်ပါတယ်။

လက်သည်း၊ ခြေသည်း ကြွပ်ဆတ်နေသလား


လက်သည်း၊ခြေသည်းတွေကြွပ်ဆတ်နေရင် သင်စားတဲ့ အစားအစာထဲမှာ မရှိမဖြစ် ဖက်တီးအက်စစ် များ များပါတဲ့ အစာကို စားပေးပါ၊ လက်သည်းခြေသည်း စိုပြည်နေပါလိမ့်မယ်။ မရှိမဖြစ် ဖက်တီးအက်စစ် ပါဝင် တဲ့ နှမ်းကြတ်စေ့ ဒါမှမဟုတ် နှမ်းကြတ်စေ့ဆီကို မှီဝဲပေးပါ။

လက်သည်း၊ ခြေသည်း ကျိုးပဲ့လွယ်နေသလား


လက်သည်း၊ ခြေသည်းသန်စွမ်းမာကျောဖို့ အဓိက လိုအပ်တဲ့ ကီရာတင်ဖြစ်ပေါ်ဖို့ အရည်အသွေးမြင့် ပရိုတင်းဓာတ်လိုအပ်ပါတယ်။ အဆီနည်း အသား၊ ငါး၊ ကြက်၊ ဘဲ စတဲ့ ပရိုတင်းဓာတ်ပါတဲ့ အစာတွေကို စားပေးပါ။

လက်သည်း၊ ခြေသည်း အားနည်းနေသလား


သံဓာတ်ချို့တဲ့မှုကြောင့် လက်သည်းခြေသည်း အားနည်းကြွပ်ဆတ်လွယ်ပါတယ်။ လက်သည်း၊ ခြေသည်း သန်စွမ်းစေဖို့ သံဓာတ်ပါတဲ့ အစားအစာ (ဥအမျိုးမျိုး၊ ဟင်းနုနယ်ရွက်၊ အားဖြည့်ကွေကာ)နဲ့ ဗီတာမင်စီပါတဲ့ အစာ (ချဉ်တဲ့ အသီးအနှံ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွသီး)တွေကို တွဲစားပေးရင် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူ အားကောင်းစေပါတယ်။

လက်သည်း၊ ခြေသည်း ခြောက်သွေ့နေသလား


လက်သည်း၊ ခြေသည်းတစ်ဝိုက် သံလွင်ဆီအနည်းငယ် ပွတ်သပ်လိမ်းပေးရင်လက်သည်း၊ ခြေသည်းကို စိုပြည်စေပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...