29 April, 2013

အရေပြားအဖုအပိမ့်များအတွက် အိမ်တွင်းကုထုံး


မပျောက်နိုင်သော ၀က်ခြံအတွက်


♠ ဆားကြမ်း၊ တမာသီးနှင့် ဒိန်ချဉ်သုံးပါ
နာတာရှည်ဖြစ်ပေါ်နေတဲ့ ၀က်ခြံဖုတွေရှိနေရင် ပိုးသေစေတဲ့ ဆားကြမ်း သုံးပြီး မျက်နှာကို ညင်ညင်သာ သာ ပွတ်တိုက်ပေးပါ။ ပြီးရင် ဖန်းဂပ်စ်သေစေတဲ့ အစွမ်းရှိတဲ့ တမာဆီအနည်းငယ် တို့ပေးနိုင်ပါတယ်။
နောက်တစ်နည်းအနေနဲ့ ၀က်ခြံဖုတွေ သက်သာစေဖို့ ဒိန်ချဉ်အလွတ်ကို လိမ်းပြီး ၁၅-၃၀ မိနစ်လောက် ကြာမှ ရေနဲ့ ဆေးကြောသင့်စင်ပေးရမှာ ဖြစ်ပါတယ်။ ဒိန်ချဉ်ထဲက လက်တစ်အက်စစ်ဟာ သဘာဝကြေး ချွတ်အားနိသင်ရှိပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ ၀က်ခြံတွေကို ကင်းစေပြီး အမာ ရွတ်နဲ့ အရေးကြောင်းတွေကို သက်သာလျော့ပါးစေပါတယ်။

•    •    •    •    •    •    •    •    •    •    •    •    •    •    •    •    •    •    •    •    •    • 

ရောင်ရမ်းယားနာနေသော ခြင်ကိုက်ရာအတွက်


♠ အက်စ်ပရင်သုံးပါ
ခြင်ကိုက်ခံရတာကြောင့် အရေပြား ရောင်ရမ်းပြီးယားနေရင် အက်စ်ပရင်ကိုသုံးပြီး ကုရပါမယ်။ အက်စ်ပရင်ဆေးပြားတစ်ပြားကို ကြိတ်ခြေပြီး ခပ်ပျစ်ပျစ် ဖြစ်အောင် ရေနဲ့ရောမွှေကာ အဖုနေရာပေါ် လိမ်းပါ။ အက်စ်ပရင်မှာပါတဲ့ ဆလီစလစ် အက်စစ်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့်
 ခြင်ကိုက်ဖုရဲ့ နီမြိန်းမှုကို လျော့ကျစေပါတယ်။

•    •    •    •    •    •    •    •    •    •    •    •    •    •    •    •    •    •    •    •    •    • 

အသားအရေခြောက်သွေ့မှုကြောင့်ဖြစ်သော နှင်းခူအတွက်


♠ သံလွင်ဆီသုံးပါ
နှင်းခူနဲ့ ဆိုးရီးယေးစစ်အရေပြား ပြဿနာကို သက်သာစေဖို့ သံလွင်ဆီ လိမ်းပေးပါ။ သံလွင်ဆီ များများ လိမ်းပေးရင် အရေပြားခြောက်သွေ့မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သံလွင်ဆီက အစိုဓာတ်ထိန်း ခရင်မ်အများစုမှာ အခြေခံပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ပြင်းထန်တဲ့ အရေပြားအနာတွေအတွက် သံလွင်ဆီ များများ သုတ်လိမ်းပြီး တစ်ညလောက်အုပ်ထားလိုက်ပါ။ နောက်တစ်နေ့မှာ အရေပြားနီမြန်းမှု လျော့ကျ သွားပါလိမ့်မယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...