29 November, 2013

ဝမ်းပျက်ဝမ်းလျှောနေစဉ် အမြန်ဆုံး သက်သာစေမည့် နည်းများ


ဝမ်းပျက်ဝမ်းလျှောနေချိန်မှာ နုံးပြီး ပင်ပန်းနွယ်နယ်နေတတ်ပါတယ်။ အဲဒီအချိန်မှာ ဝေဒနာ သက်သာပြီး အမြန်ဆုံးပြန်လည် လန်းဆန်းလာစေဖို့ အောက်ပါနည်းတွေကို လိုက်နာပေးသင့်ပါတယ်။


♦ အရည်များများသောက်ပါ

ဝမ်းပျက်ဝမ်းလျှောတဲ့အခါ ကိုယ်တွင်း ရေဓာတ်နဲ့ ဆားဓာတ်လျော့နည်းမှုကြောင့် ရေဓာတ်ခမ်းခြောက်မှု အဖြစ်များတတ်ပါတယ်။ လက္ခဏာတွေအနေနဲ့ရေဆာတာ၊ ဆီးအရောင်ရင့်ရင့်သွားတာ၊ နုံးချည့်ညောင်း ညာတာနဲ့ မူးဝေတာတို့ ဖြစ်တတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှုလက္ခာ သက်သာစေဖို့ ဆိုဒီယမ်နဲ့ တခြား ဒာတ်ဆားတွေ ပါဝင်တဲ့ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်နဲ့ Juice တို့ကို သောက်ပါ။

♦ အကြောင်းရင်း ရှာဖွေပါ

ဝမ်းပျက်ဝမ်းလျှောတာဟာဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး၊ ပဋိဇီဝပိုးသတ်ဆေးတချို့နဲ့ တခြားဆေးဝါးကုသမှု၊ အူလမ်းကြောင်းရောဂါတွေနဲ့ အစာနဲ့ ဓာတ်မတည့်မှု စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ သင့်အစာအိမ် ကို ပြဿနာဖြစ်စေတဲ့ အခြေခံအကြောင်းရင်းကို ရှာဖွေကုသသင့်ပါတယ်။

♦ အစားအသောက် ဆင်ခြင်ပါ

တချို့အစားအသောက်တွေကို အူလမ်းကြောင်းအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အမျှင်ဓာတ်များတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပီကေ၊ ချိုချဉ်နဲ့ ဟင်းခတ်အမွှေးအကြိုင်ကံပြီး ပူစပ်တဲ့ ဟင်းလျာတွေဟာ ၀မ်းလျှောဝမ်းပျက်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အဲဒီအစားအသောက်တွေ အစား ငှက်ပျောသီး၊ ပေါင်မုန့်၊ မုန်လာဥနီနဲ့ ကြက်သား (အရေခွံခွာပြီး) စားသင့်ပါတယ်။

♦ ဒိန်ချဉ်သောက်ပါ

နွားနို့ထဲမှာပါတဲ့ လက်တို့စ်ဟာ တချို့လူတွေမှာ ၀မ်းပျက်ဝမ်းလျှောတာကို ပိုဆိုးစေနိုင်ပါတယ်။ နွားနို့ထက် လက်တို့စ် ပမာဏ နည်းတဲ့ ဒိန်ချဉ်ဟာ အစာကြေညက်လွယ်စေပါတယ်။ ဒိန်ချဉ်ထဲမှာပါတဲ့ အကျိုးပြု ဘက် တီးရီးယားကြောင့် သင့်ကို ပိုပြီးနေထိုင်လို့ကောင်းစေပါတယ်။

♦ စအိုတစ်ဝိုက် အရေပြား သက်သောင့်သက်သာရှိပါစေ

ဝမ်းသွားပြီးချိန်မှာဆပ်ပြာနဲ့ ရေကိုသုံးပြီး လက်ကို စင်ကြယ်အောင် ဆေးကြောပေးပါ။ တစ်ကိုယ်ရေ သန့် ရှင်းရေးကို အလေးထားပြီး သက်သောင့်သက်သာရှိအောင် နေထိုင်ပါ။ စအိုတစ်ဝိုက်အရေပြားစပ် ဖျဉ်းဖျဉ်း
ဖြစ်နေရင် ရေနံဂျယ်လီလိမ်းတာ ဒါမှမဟုတ် ကြက်သီးနွေးရေကန်ထဲ ထိုင်ပြီး စိမ်တာတို့ လုပ်ဆောင်ပေးပါ။


 * ဆရာဝန်နှင့် ပြသင့်သော အခြေအနေ *

ရေလို အရည်ကျဲကျဲဝမ်းတွေဟာ နှစ်ရက်ထက် ပိုပြီး ကြာကြာသွားနေရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။ ၀မ်း
လျှောတာနဲ့အတူ ဗိုက် အလွန်အမင်းအောင့်တာ၊ အဖျား ၁၀၂ ဒီဂရီနဲ့ အထက်ရှိတာ၊ ၀မ်းအရောင်က မည်း တာ၊ သွေး ဒါမှမဟုတ် ပြည်ပါတာတို့ တွဲဖြစ်နေရင် ဆရာဝန်နဲ့ ချက်ချင်းသွားပြပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...