07 May, 2013

ရေ၏ အံ့အားသင့်ဖွယ်ရာ ကောင်းကျိုး ကိုးသွယ်


• ကိုယ်အလေးချိန် လျော့ကျစေခြင်း •
ရေမှာ အဆီ၊ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ် လုံးဝမပါရှိတာကြောင့်
ရေများများသောက်ရင် အစာတွေကို များများမစားဖြစ်တော့ပါဘူး။

◘ နှလုံးကျန်းမာစေခြင်း ◘
ရေသောက်တာကြောင့် နှလုံးရောဂါထနိုင်ခြေ (Heart Attack) ကို ၄၁ ရာခိုင်နှုန်းလျော့ကျစေပါတယ်။

• စွမ်းအင်ပြည့်ဝစေခြင်း •
ရေဓာတ်ခမ်းခြောက်ရင် စွမ်းအင်လျော့နည်းပြီး ပင်ပန်းနွမ်းနယ်တတ်ပါတယ်။

◘ သန့်ရှင်းစင်ကြယ်စေခြင်း ◘
ရေများများသောက်တာကြောင့် ကိုယ်တွင်းရှိ အဆိပ်အတောက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို
 ထွက်ရှိသွားစေပါတယ်။

• အရေပြား ကျန်းမာစိုပြည်ခြင်း •
ရေဓာတ်ပြည့်ဝတာကြောင့် အသားအရေကြည်လင်ပြီး တောက်ပစေပါတယ်။

◘ သက်လုံကောင်းစေခြင်း ◘
ရေဓာတ်မပြည့်ဝပါက သင်ရဲ့ အားကစားစွမ်းရည်နဲ့ သက်လုံကောင်းမွန်မှုတို့အပေါ်
ထိခိုက်မှုရှိစေနိုင်ပါတယ်။

• အစာချေဖျက်မှုဆိုင်ရာ ပြဿနာများကို လျော့ပါးစေခြင်း •
ရေဟာ အစာအိမ် အက်စစ်ပြဿနာတွေကို သက်သာလျော့ပါးစေပါတယ်။

◘ ကင်ဆာဖြစ်နှုန်းလျော့နည်းခြင်း ◘
ရေကို အလုံအလောက်သောက်တာကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်းနဲ့
 ဆီးအိတ်ကင်ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

• ခေါင်းကိုက်ရောဂါ ပျောက်စေခြင်း • 
တစ်ခါတစ်ရံမှာ ခေါင်းကိုက်တာက ရေကို အလုံအလောက် မသောက်တဲ့အတွက် ဖြစ်ရတာပါ။

♦ ဇွန် ♦

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...