07 May, 2013

သင့်ခြေထောက်က ပြောသော သင့်ကိုယ်ရည်ကိုယ်သွေး




"အအေးမိတာက ခြေထောက်အေးရာက စတယ်၊ လူတစ်ယောက် အိုမင်းတယ်ဆိုတာလည်း ခြေထောက် က စတယ်" လို့ တရုတ် လူများတွေက ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ ကိုယ်ရည် ကိုယ်သွေးကို ခြေထောက်ပုံပန်းသဏ္ဍာန်အရ ဆုံးဖြတ်နိုင်ကြောင်းလည်း အကဲဖြတ်လေ့လာသူတွေက ဆိုထားပါတယ်။





ခြေတံရှည်ပြီး သွယ်လျချောမွေ့ရင်

သင့်ဘ၀မှာ အတားအဆီးတွေ ကြုံလာရင်တောင် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါလိမ့်မယ်။ သင်က တက် ကြွပြီး အလုပ်ကြိုးစားကာ သူတစ်ပါးကို ကူညီတတ်သူလည်း ဖြစ်ပါတယ်။ သင့်အသက် ၃၀ မပြည့်ခင်မှာ အလွန်ကောင်းမွန်တဲ့ ဘ၀မျိုး ပိုင်ဆိုင်နိုင်ခြေများပါတယ်။


ခြေထောက်ချောမွေ့ပြီး ၀ဖြိုးကာ တုတ်ခိုင်ရင်

အလွန်ချမ်းသာပြီး ရက်ရောမှုရှိမယ့် လက္ခဏာပါပဲ။

လမ်းလျှောက်တဲ့အခါ ခြေထောက် ကားရင်

သင်က အလုပ်များတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ့်အလုပ်အကိုင်ထက် တခြားသူတွေရဲ့ ကိစ္စတွေ ကိုပါ ဆောင်ရွက်ကူညီပေးတတ်သူပါ။ တခြားသူတွေနဲ့ စကားပြောဆိုဆက်ဆံရတာကို သဘောကျတတ် သူလည်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်နဲ့စာရင် ခြေတံကတိုနေရင်

လူအများကြီးနဲ့ တွဲလုပ်ရတဲ့ အလုပ်မျိုးကို သဘောမကျတတ်ပါဘူး။ အသက် ၃၀ မတိုင်ခင်မှာ အခက်အခဲ၊ အတားအဆီးတချို့ကို ရင်ဆိုင်ရနိုင်ပေမယ့် သင့်ကံကြမ္မာဟာ သင့်ကြိုးစားမှုပေါ်မူတည်ပြီး ပိုမိုကောင်းမွန် လာပါလိမ့်မယ်။ ခြေထောက်တွေကို အတွင်းထဲ ခွင်ပြီး လမ်းလျှောက်တတ်တဲ့သူဆိုရင် ဘ၀မှာ Risk ယူရ မယ့် ကိစ္စမျိုးကို မလုပ်ဘဲ တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းလိုပါတယ်။

ခြေချောင်းတွေ ချွန်နေရင်

မိသားစုမှာ သိုးမည်းလေး ဖြစ်တတ်ပါတယ်။ ငွေအသုံးအဖြုန်းကြီးသူ၊ အလုပ်လုပ်ရမှာ ပျင်းသူဖြစ်လို့ပါပဲ။ ဒီအချက်တွေက ဘ၀မှာ အောင်မြင်နိုင်ခြေဆုံးရှုံးတတ်လို့ ပြုပြင်ရမယ့် အချက်တွေလည်း ဖြစ်ပါတယ်။

ခြေထောက်က ပိန်လွန်းရင်

ခြေတံက ပိန်လွန်းပြီး အရိုးလေးတွေပေါ်နေရင် ဘ၀မှာ ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်ဖို့ ရုန်းကန်ကြိုး စားရတတ်ပါတယ်။

ခြေသည်းတွေ ၀ိုင်းပြီး ချောမွေ့နေရင်

တကယ်လို့ သင်က အမျိုးသမီးဖြစ်ပြီး သင့်ခြေသည်းတွေက လုံးဝိုင်းပြီး ချောမွေ့နေရင် ချမ်းသာတဲ့ ခင်ပွန်း နဲ့ လက်ထပ်ရလိမ့်မယ်လို့ ဆိုပါတယ်။

ခြေချောင်းတွေ သေးငယ်ရင်

သင့်ခြေချောင်းတွေက သေးငယ်ရင် သင်ကရိုးသားပြီး စိတ်ချယုံကြည်ထိုက်သူဖြစ်ပါတယ်။ သေးငယ်တဲ့
ခြေချောင်းရှိသူ အမျိုးသမီးတွေက အိမ်ထောင် ရှင်မကောင်းတွေလည်း ဖြစ်တတ်ပါတယ်။

ခြေချောင်းတွေ ကြီးရင်

ခြေချောင်းကြီးတာက ခေါင်းဆောင်ဖြစ်မယ့် လက္ခဏာပါ။ အလွန်ခေါင်းမာတတ်ပြီး ဒေါသထွက်လွယ်ပါ တယ်။ တခြားသူအပေါ်မှာ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ပေးနိုင်သူပါ။

ခြေဖ၀ါးကြီးရင်

ခြေဖ၀ါးက အမျိုးသားဆိုရင် ဖိနပ်ဆိုက် ၈ နဲ့ အထက်၊ အမျိုးသမီးဆိုရင် ဖိနပ်ဆိုက် ၇ နဲ့အထက်ဖြစ်ရင် ကြီးတယ်လို့ သတ်မှတ်ပါတယ်။ ဒီလို ခြေဖ၀ါးကြီးတဲ့သူတွေက ဘ၀မှာ ကြုံရတဲ့ ပြဿနာ၊ အတားအဆီး၊ အခက်အခဲမှန်သမျှ ရင်ဆိုင်နိုင်ပြီး ပေါင်းသင်းရခက်တဲ့သူတွေနဲ့ တောင် အဆင်ပြေအောင် ပေါင်းတတ် သူတွေပါ။ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းရှိပြီး ခေါင်းဆောင်ကောင်းတွေ ဖြစ်လာတတ်ပါတယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...