06 May, 2013

သက်ရှည်ကျန်းမာစေရန် လိုက်နာသင့်သော ရိုးစင်းလွယ်ကူသည့်နည်းများ


ကျန်းမာရေးကို အလေးထား ဂရုစိုက်တာကြောင့် သက်ရှည်ကျန်းမာတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါကြောင့် သက်ရှည်ကျန်းမာတဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့ရာ လူတိုင်း နေ့စဉ်လိုက်နာသင့်တဲ့ အလွယ်နည်းတွေကို
ဖော်ပြပေးလိုက်ပါတယ်။

(၁) နံနက်စောစော အိပ်ရာထပြီး လမ်းလျှောက်ပါ။
(၂) ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစတဲ့ သဘာဝ အပင်ထွက်အစာတွေကို များများစားပါ။
(၃) သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာရတဲ့ ဘ၀ကို ပျော်မွေ့ပါ။ တောင်တက်တာမျိုး၊ နေ၀င်တာကို ကြည့်တာမျိုးနဲ့ အချိန်ကုန်ပါစေ။
(၄) ရေကူးကန်ထဲမှာ အခါအားလျော်စွာ ရေကူးပါ။ စိတ်ရော ကိုယ်ပါ ခွန်အားရရှိစေပါတယ်။
(၅) အစားအသောက်တွေကို သင့်တင့်လျော်ညီစွာ စားသောက်ပါ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင် ပါ။
(၆) ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ရှောင်ပါ။

Tips !
ဘ၀မှာ ၀ါသနာပါတဲ့ အလုပ်ကို လုပ်ဆောင်ပြီး ပျော်ပျော်ရွှင်ရွှင်၊ ရယ်ရယ်မောမောနေထိုင်တာကလည်း သက်ရှည်ကျန်းမာစေတဲ့ တွန်းအားတစ်ခုပဲဖြစ်ပါတယ်။

[ သတိပြုရန် ]

♦ အထီးကျန်တဲ့ ဘ၀မျိုးမှာ မနေထိုင်ပါနဲ့၊

♦ လုပ်စရာရှိတဲ့ အလုပ်အကိုင်နဲ့ တာဝန်ဝတ္တရားတွေကို အချိန်ကိုက် ဖြည့်တင်းလုပ်ဆောင်ပါ၊

♦ စိတ်ခွန်အားမြင့်တက်စေတယ်ဆိုတဲ့ ဆေးဝါးတွေနဲ့ ဆေးညွှန်းစာလိုတဲ့ ဆေးတွေကို ဆရာဝန် မညွှန်ကြားဘဲ မိမိသဘောနဲ့ မိမိမသောက်ပါနဲ့။


ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...